သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၂.၁၂.၂၀၂၃)ရက်နေ့ ၊နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် ရိုက်စုလမ်း၊ အမှတ်(၅)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ဆီဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ကြံခင်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြံခင်းမြို့နယ် ၊ရွာသစ်ရပ်ရှိ ကုန်မျိုးစုံဆိုင်များအား (၁၃.၁၂.၂၀၂၃)ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် (၁၈.၁၂.၂၀၂၃)နေ့ နံက် (၁၀:၀၀)နာရီတွင် ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း( ရွာသစ်တောင်)ကျောင်း၌ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၆၅ ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးသည် (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ရုံးကြီးရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်၊ မြို့နယ်တာဝန်ခံသည် (၁၅-၁၂-၂၀၂၃) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရုံးကြီးရပ်ကွက်၊ မြို့နယ်ထွေအုပ်ရုံး၌ ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောခဲ့ပါသည်။