Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Dec 2023

     ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာ အသိပညာပေး လုပ်ငန်းများကို လစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ (၁၃.၁၂.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် သာပေါင်းမြို့နယ် ဂုံမင်းကျေးရွာရှိ ပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

21 Dec 2023

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ ဦးစီးအရာရှိ ဦးအောင်ဇော်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေး Talk Showကို ဒီဇင်ဘာလ ၁၄ရက်နေ့ နေ့လယ်(၁၁:၀၀) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြပါသည်။

21 Dec 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးသည် ချောင်းဦးမြို့နယ်တာဝန်ခံ၊ ဘုတလင်မြို့နယ်တာဝန်ခံတို့နှင့်အတူ (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကလေးသူငယ်များအား အခြေခံမှစ၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူစု

21 Dec 2023

   ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် အများပြည်သူအကျိုးအတွက် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အများပြည်သူများ စားသုံးဆီမပြတ်လပ်စေရေးအတွက် ရည်ရွယ်၍ (၁၃.၁၂.၂၀၂၃)ရက်နေ့တွင် သာပေါင်းမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီထုတ်ယူမည့် ကိုယ်စားလှယ်များ၊  ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည်။

21 Dec 2023

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၁.၁၂.၂၀၂၃)ရက်နေ့ ညနေ (၃:၀၀)နာရီတွင်  အိမ်မဲမြို့နယ်၊ ချောင်းဝဈေးရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှုရှိမရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

Pages