Main menu

ဝိုင်းမော်မြို့နယ်၊အမှတ်(၃)ရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်း အသိပညာ‌ပေး‌ဟောပြောခြင်း

Powered by Drupal

      စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုံး (ရုံးအုပ်) သည် ၂၂.၁၀.၂၀၂၅ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဟောပြောရာတွင် ဦးဘောမ်ဇုံး (ရုံးအုပ်) က ၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည် / ဝန်‌ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူ က တောင်းဆိုနိုင်သည့် အခွင့်အရေး‌များ၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်း များကို ဖွင့်လှစ် ထားရှိမှုနှင့်ဖြေရှင်းပေးနေမှု အခြေအနေများ၊ Call Center  1535 သို့ တိုက်ရိုက် ခေါ်ဆိုမေးမြန်း တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ကချင်)