သတင်းနှင့် လှုပ်ရှားမှုများ
စက်သုံးဆီဖြန့်ဖြူးရောင်းချမှုများ စနစ်တကျရှိစေရေး၊ ဈေးကွက်လိုအပ်ချက် ၊ ဈေးကွက်လက်ကျန်နှင့် မြေပြင်အမှန်ဆောင်ရွက်နေမှု အခြေအနေများကို ကရင်ပြည်နယ် စက်သုံးဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီဝင်များက ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၁၁.၁၂.၂၀၂၃) ရက်နေ့ နံနက်(၁၄:၀၀)နာရီတွင် အောင်သာယာဈေးရှိ ကုန်မျိုးစုံဆိုင်များ၌ ရောင်းချနေသော အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ ကျေးရွာများမှ ဒေသခံတောင်သူများသည် ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်သီးနှံများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ဘူးသီး ကိုလည်း စိုက်ပျိုးထားရှိပါသည်။ ဒေသခံတောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းမှ ထွက်ရှိလာသော ဘူးသီးများကို ဘားအံမြို့ပေါ်ရှိ ဈေးများသို့ လာရောက်ရောင်းချကြရာ ပေါ်ဦးပေါ်ဖျားအချိန်တွင် ဘူးသီးစိတ် အရွယ်တော်တစ်စိတ်လျှင် (၅၀၀)ကျပ်၊ အကြီးတစ်စိတ်လျှင် (၁၀၀၀) ကျပ်ဖြင့် တစ်လုံးလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် အ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၁၂.၂၀၂၃)ရက်နေ့ ညနေ (၁၄:၀၀)နာရီတွင် ဝါးခယ်မမြို့နယ်ရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ထိန်သဇင်”မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။