Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခြင်း

Powered by Drupal

    ၂၃-၁၀-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေဝေယံဦး (လ/ထညွှန် ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်း (၄) ဦးတို့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာ(ဈေးများဌာန)တို့နှင့်ပူးပေါင်း၍ ဇမ္ဗူသီရိ မြို့နယ်၊ မြို့မဈေးအတွင်းရှိ  ဆန်ဆိုင်များ၊  ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များသို့ သွားရောက်ပြီး ‌ရောင်းချသည့်ဆန်များ ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုရှိမရှိနှင့်  ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA (ပြည်ထောင်စုနယ်မြေ)