
၃၀.၁၀.၂၀၂၅ ရက်နေ့ မွန်းလွှဲပိုင်းတွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုမြို့နယ်၊ ရွှေဥရပ်ကွက် မြို့ပတ်လမ်းပေါ်ရှိ “ပန်းသဇင်” မုန့်တီနှင့်ဆန်ခေါက်ဆွဲထုတ်လုပ်သည့် စက်ရုံအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့မှ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော စီးပွားရေးလုပ်ငန်း ရှင်များ၏ တာဝန်များ၊ စားသုံးသူများဘေးအန္တရာယ်ရှိသော တာရှည်ခံဆေးများသုံးစွဲခြင်း မပြုကြရန်၊ ကုန်စည်၏အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး ရေဆိုးများကိုစနစ်တကျ စွန့်ပစ်ကြရန်နှင့် မုန့်တီနှင့်ဆန်ခေါက်ဆွဲစက်ရုံလည်ပတ်နေမှုအခြေအနေ၊ ကုန်ကြမ်းဆန်ဝယ် ယူသိုလှောင်ထားရှိမှု၊ လက်ရှိမုန့်ဖတ်ဈေးနှုန်းဈေးကွက်အခြေအနေတို့အား လေ့လာကြည့်ရှု ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
