သတင်းနှင့် လှုပ်ရှားမှုများ
၉.၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် (၆.၂.၂၀၂၄) ရက်နေ့ ၊နံနက်(၁၀၀၀) နာရီ အချိန်တွင် ဆားမလောက်ကျေးရွာရှိ စိမ်းလဲ့မြေဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်းဌာနတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်သော ဝန်ထမ်းများသည် (၇-၂-၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သောပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်နယ်ကုသရေးဦးစီးဌာန၊ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်စုံစမ်းရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘားအံမြို့ပေါ်ရှိဆေးဝါးနှင့်ဆေးပစ္စည်းလက်ကားအ
၇.၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး ရုံးအဖွဲ့နှင့် မုဒုံမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကမာဝက်မြို့ အ.လ.က(ကမာဝက်) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
၇.၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး ရုံးအဖွဲ့နှင့် မုဒုံမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကမာဝက်မြို့ အ.ထ.က(ကမာဝက်) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။