Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Dec 2023

       ၁၅.၁၂.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံနှင့်ရုံးဝန်ထမ်းများအဖွဲ့သည် မုဒုံမြို့နယ်၊ အ.ထ.က (ကော့ပရံ)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

21 Dec 2023

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ချောင်းစလန်းကျေးရွာတွင် (၁၅.၁၂.၂၀၂၃) ရက်နေ့ နေ့လယ်(၁၃:၀၀)အချိန်၌ ကော့သောင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

21 Dec 2023

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့နယ် ဘားကပ်ကျေးရွာရှိ လက်လီကုန်စုံ ဆိုင်များသို့ ကွင်းဆင်း၍ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

21 Dec 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က  Digital E-commerce PlatForm တစ်ခုတည်ဆောက်ထားပြီး ပြည်တွင်းမှ လုပ်ငန်းရှင်များ Exporter များ၊ MSME  လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှ Buyer  များနှင့် ချိတ်ဆက်ရောင်းဝယ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်၊၊

21 Dec 2023

    ဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့်ထုတ်ပေးထားပြီး ပြည်ပနိုင်ငံသားများ ရာနှုန်းပြည့်လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော ပုသိမ်မြို့စက်မှုဇုန်တွင် Amava Apparel Co,Ltd ၊ China Moon Sports Myanmar ၊ Dong Long ( Pathein) Garment ၊ Harkers Enterprise Myanmar Co,Ltd ၊ Huabo Times Textile and Clothing Co,Ltd ၊ Myanmar Knitting Factory Ltd ၊ North Shore Group Co,Ltd ၊ Shaung Xi Garment

Pages