သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့နယ် ဘားကပ်ကျေးရွာရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍စားအုန်းဆီများ ရောင်းချမှုစနစ်တကျရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ကရင်ပြည်နယ်အတွင်း ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ ဈေးကွက် အခြေအနေများကို ၁၆-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့ရှိ ရွှေကံထူးပဲပွဲရုံသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်၊၊
စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် ၁၆-၁၂-၂၀၂၃ ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ် (၇) ရပ်ကွက် တောင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇင်မင်းကိုကို ဒုဦးစီးမှူးသည် ၁၃-၁၄-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာရှိ သောက်ရေသန့်လုပ်ငန်းနှင့် ရေခဲစက်လုပ်ငန်းသို့ မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်း၍ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် ၁၄-၁၂-၂၀၂၃ ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက် အ-ထ-က (၅) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။