သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်မြို့နယ်တာဝန်ခံ ဦးပြောင်ဒါးလ် (အကြီးတန်းစာရေး)သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊နံနက် ၁၀:၃၀ အချိန်တွင် ဝေါင်မွောလ်ကျေးရွာရှိ အခြေခံပညာမူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဌာနခွဲစာရေး ) နှင့် ဝန်ထမ်း (၂) ဦးတို့သည် (၂၄-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀ ) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်ဈေးအတွင်းရှိ စားသောက်ကုန်နှင့်လူသုံးကုန်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီခန့်အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ ဈေးစည်ပင်ရုံး၌ ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
၂.၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် အ.ထ.က(ခွဲ)ခရိုက်ဒူးကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။