
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများ သည် (၂၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် သရက်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၌ သရက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချသည့် အရောင်း ဝန်ထမ်းများအား အသိပညာပေးဟောပြောပွဲပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးရာတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်သဲဦးဗိုလ်က ဆေးပစ္စည်းများရောင်းချရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များအားလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါ်သဲအိက ဆေးဆိုင်များတွင် ကျန်းမာရေးနှင့် ညီညွတ်သော စည်းမျဉ်းစည်းကမ်းချက်များ အတိုင်းထားရှိစေရေးအားလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးအုန်းမြင့်က မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်(၂/၂၀၁၉)တွင် ထုတ်ပြန်ထားသော ကုန်စည်အုပ်စု(၈)အုပ်စုတွင်ပါဝင်ရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့်အချက်များ ထည့်သွင်းဖော်ပြထားသည့် ကုန်စည်များ ရောင်းချစေရေး နှင့် စားသုံးသူများ၏ အခွင့်ရေးနှင့် တာဝန်များအကြောင်းအားလည်းကောင်း အသေးစိတ်ရှင်းလင်း ပြောကြားဆွေးနွေးပြောကြားပြီး တက်ရောက်လာသူ မိဘပြည်သူတို့အား ဌာန၏ ဥပဒေလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
