Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ၂၃.၁၀.၂၀၂၅ ရက်နေ့(၁၃:၃၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ  မုန့်မျိုးစုံထုတ်လုပ် လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၁)ဦး နှင့်တွေ့ဆုံ၍  အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က လုပ်ငန်းရှင်များ အားစားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါ အစားအသောက် များ ကုန်စည်အုပ်စုတွင်ပါဝင်သည့် အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်များ ပြည့်စုံမှုရှိပြီး ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ကိုက်ညီမှုရှိမရှိအား စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီကြောင်း ပြန်ကြားစာရရှိပြီးမှသာ ဈေးကွက်သို့တင်ပို့ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ  ပြစ်မှုပြစ်ဒဏ်များအကြောင်း  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)