သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင်တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်ရှိ ကြက်အမှတ်တံဆိပ်ပဲငံပြာရည်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးတို့သည် ခရိုင်ဆီကုန်သည်များအသင်းနှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဖြိုး၊ ဦးအောင်(ယာယီ)တို့နှင့်အတူ ဒီဇင်ဘာလ (၅)ရက်နေ့တွင် ပုသိမ်ခရိုင် ပုသိမ်၊ ကန်ကြီးထောင့် ငပုတော၊ သာပေါင်း နှင့်တွေ့ဆုံ၍ စားအုန်းဆီထုတ်ယူဖြန့်ဖြူးရောင်းချရေးနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့၊ နံနက် (၁၀:၄၅)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ နောင်ရေးရပ် အ.ထ.က (၇) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ(၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ အမှတ်(၂) ရပ်ကွက် ၊ (၂) လမ်းရှိ ပြည့်စုံအောင် စက်မှုလက်မှုလုပ်ငန်းသို့ သွားရောက်ပြီး MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ဆရာ/ဆရာမ၊ သင်တန်းသူ၊ စုစုပေါင်း (၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆွေးနွေးခဲ့ပါသည်။