
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စားသုံးသူရေး ရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို (၁၃.၁၀.၂၀၂၅) ရက်နေ့က နံနက် ၁၁ နာရီအချိန်တွင် ဆွေးနွေးဟောပြောခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာမှ အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာ ကွယ်ရေးဥပဒေပါ အခန်း(၁)ပုဒ်မ ၂တွင်ပါရှိသော အဓိပ္ပါယ်ဖော်ပြချက်များ ၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအကြောင်းကို စိုက်ပျိုးသူတောင်သူများ သိရှိစေရန်ကို လည်းကောင်း၊ ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင် ကြားနိုင်သည့် ၁၅၃၅ စင်တာ၏ လုပ်ငန်းစဉ်အကြောင်းတို့ကို အကျယ်တဝင့်ဟောပြောဆွေးနွေးပြီး ပြည်တွင်ကုန်သွယ်မှုဖွံဖြိုးရေးလုပ်ငန်းနှင့် သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာများအကြောင်းကိုပါ ထည့်သွင်းဟောပြော ခဲ့ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)
