
၂၁.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ကမာရွတ်မြို့နယ်ရှိ လှည်းတန်းဈေး၊ လှိုင်မြို့နယ်ရှိ လှိုင်ဈေးကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြဂန္ဓမာဈေးတို့ရှိ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
ကို အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန်(ဒု-ကြီးကြပ်ရေးမှူး) မှ ဦးဆောင်၍ ဝန်ထမ်း(၂) ဦးနှင့်တို့မှ ပါဝင်စစ်ဆေးခဲ့ကြပါသည်။
သို့ရာတွင် ၎င်းဈေးတို့တွင်ရောင်းချနေသော Fortune (နေကြာဆီ)၊ ဇမ္ဗူအေး (အဆင့်မြင့်မြေ ပဲဆီ)၊ ရန်ကုန်ပဲဆီသန့်၊ ရွှေအုံ(မြေပဲဆီ)၊ အမေထွား(မြေပဲဆီ)၊ Meizan (ဟင်းသီးဟင်းရွက်ဆီ) စသည်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်အညီပါဝင်မှုရှိ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA (ရန်ကုန်)
