
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ၊ လူငယ် လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် စားသုံးသူအခွင့် အရေးတို့ကို သိရှိနားလည်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာလ (၁၃)ရက်နေ့ နေ့လည် ၁ နာရီတွင် ညောင်တုန်းမြို့နယ် ၊ ကွင်းကလေး(အ.မ.က)ကျောင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှတာဝန်ရှိသူ က ဟောပြောရာ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် ဆေးလိပ်သောက်ခြင်း ဆိုးကျိုးများ အသိပညာ ရရှိစေရန် ကျန်းမာရေးဦးစီးဌာနက က ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ် ရေး အကြောင်းအရာများ ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်ဒုဦးစီးမှူးမှ ကျောင်းစျေး တန်းများ နှင့် ပြင်ပဈေးဆိုင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စားသုံးရန်မသင့် သော အစားအစာ များနှင့် ရရှိလာမည့် ဆိုးကျိုးများ အကြောင်း၊ ကျောင်းသား/ကျောင်းသူများအား အသင့်စား အစားအစာ အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံး သည့်ရက်စွဲများ အဓိက ထားဖတ်ရှုရမည်ဖြစ်ကြောင်း ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များဝယ်ယူရာတွင် ကြည်ရှုဆက်စေရန် အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ဆရာ/ ဆရာမ များနှင့်အတူ ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသည့် အစားအစာများ ရောင်းချမှုရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူ ၊ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
