သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၂-၆-၂၀၂၃) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ အ-ထ-က (၁) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရပါသည်။
နေပြည်တော် (၃၀-၆-၂၀၂၃)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) အကောင်အထည် ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို လစဉ် စီမံချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်လျက်ရှိရာ (၂၁.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အ.လ.က(၁) ရွှေဘိုမြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ(၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၈၀)ဦး စုစုပေါင်း(၉၀)ဦးတက်ရောက်ခဲ့ပါသည်။
၂၀၂၃ ၊ ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက် ရှိ (အ.ထ.က)ခွဲ ညောင်အိုင်ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
“ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဒေသတွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေအတွက် MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ် တွေ့ဆုံဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။