Main menu

သံဖြူဇရပ်မြို့၊ အ-ထ-က (၁) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၂-၆-၂၀၂၃) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ အ-ထ-က (၁) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရပါသည်။

    အဆိုပါဟောပြောပွဲတွင် အ-ထ-က (၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသက်မော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ မိမိတို့ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကသေချာစွာဖတ်ရှု့ပြီးမှသာ ရွေးချယ်ဝယ်ယူစားသောက်သင့်ကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ Consumer Call Center No.(1535) သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www. doca. gov. mm တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ၊ စုစုပေါင်း (၃၅၂) ဦးတက်ရောက်ခဲ့ကာ ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)