Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
04 Jul 2023

    ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီ၊ CMP လုပ်ငန်းများမြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၆-၂၀၂၃)  ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အမှတ် (၄၇၉)၊ ပတ္တမြားလမ်း၊ ၁၅ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Royal Moon Star (လက်အိတ်) ချုပ်လုပ်ငန်းသို့သွားရောက်၍ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

04 Jul 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် မင်္ဂလာဈေးအတွင်းရှိ ဈေးတာဝန်ခံများနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးနှင့် မင်္ဂလာဈေးအတွင်းရှိ ဆေးဝါးများလက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

04 Jul 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် Zabu Kan Tun Trading Co.,Ltd ၏ စားအုန်းဆီများရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

04 Jul 2023

   ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ပြည့်စုံစွာဖော်ပြပါရှိစေရေးရည်ရွယ်၍ ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ဒေသထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင် (၂၀) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များက

04 Jul 2023

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် အန္တရာယ်ကင်းသည့်စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးရန်မသင့်ဟုတားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ်များအကြောင်းတို့အား ဒေသခံပြည်သူများသိရှိနားလည်သဘောပေါက်စေရန်အတွက် မြို့သစ်မြို့၊ စည်ပင်သာယာစျေး၏တောင်ဘက်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ

Pages