သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးတို့သည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာသို့သွားရောက်၍ စပျစ်စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၁.၇.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အမှတ်(၅)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ ရွှေဘိုခရိုင် ဆီကုန်သည်အသင်းဥက္ကဌ (ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေး) လုပ်ငန်းရှင်အား တွေ့ဆ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်၌ စိုက်ပျိုးရေးသိပ္ပံ(ဟဲဟိုး)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဝန်ထမ်းများသည် ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာရှိ ကြက်မွေးမြူရေးဇုန်သို့သွားရောက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
သီပေါမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထွန်းက သီပေါမြို့၊ နမ့်ရမ်းကျေးရွာအုပ်စု၊ နောင်ကော်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နောင်ကော်ကြီးကျေးရွာရှိ နာနတ်သီးအသင်းအဖွဲ့မှ ဒေသခံအသင်းသား (၄၀) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။