သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်ဦးဆောင်၍ ဝန်ထမ်းများသည် (၆.၇.၂၀၂၃ ) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန် မုံရွာစီးပွားရေးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/မ(၄၅)ဦး၊ ဌာနဝန်ထမ်း(၅)ဦး၊ ကျောင်းသား/သူ(၂၂၀)ဦး စုစုပေါင်း(၂၇၀) ဦးတက်ရောက်ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သံတွဲခရိုင်ဦးစီးမှုး ဦးဝင်းနိုင် (ဦးစီးအရာရှိ) သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သံတွဲမြို့ပေါ်ရှိ စားသုံးဆီ (လက်ကား) အရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီမှူး ဦးမောင်မောင်ခိုင်သည် (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့်ဝန်ထမ်းများသည် (၉-၇-၂၀၂၃) ရက်နေ့(တနင်္ဂနွေနေ့)၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာ၌ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းရှင်တောင်သူများနှင့်တွေ့ဆုံပြီး ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြှင့်တင်ဆောင်ရွက်ရန် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရှိရပ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့တို့သည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင်(၃)ဆိုင်သို့သွားရောက်၍ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင