Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Jul 2023

   တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မိုးစပါးများကိုစတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ မနောသုခ၊ ဆင်းသုခ၊ ဗျော့ထွန်း၊ ရတနာစိုး၊ နယူးဧရာ စသည့်စပါးအမျိုးအစားများကိုစိုက်ပျိုးပြီး အဓိကအားဖြင့် ထိုင်းနှံကောက်စပါးမျိုးကို ပိုမိုစိုက်ပျိုးကြောင်းသိရပါသည်။

13 Jul 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေ

13 Jul 2023

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၅ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရေတာရှည်မြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

13 Jul 2023

  တောင်ငူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများကို သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများပူးပေါင်းပြီး ကျေးရွာများသို့သွားရောက်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။

13 Jul 2023

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမင်းဇော်၊ ဖြူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးခင်မောင်ဆွေတို့နှင့်အတူ ဇူလိုင်လ ၄ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဖြူးမြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များသို့သွားရောက်၍ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages