စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၅ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရေတာရှည်မြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကိုလည်းကောင်း၊ အိုင်စီပီရွှေမည်းကုမ္ပဏီကထုတ်လုပ်သည့် မြင့်ပျံအမှတ်တံဆိပ်ဓာတ်မြေဩဇာများကို၊ တုပထားသည့်သဘောသက်ရောက်သည့် ဓာတ်မြေဩဇာများရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း စစ်ဆေးကြည့်ရှုခဲ့ပြီး တရားမဝင်ဓာတ်မြေဩဇာများရောင်းချခြင်းသည် စားသုံးသူများကိုထိခိုက်နစ်နာစေသည့်ပြင် တရားမဝင်ကုန်သွယ်မှုပြုခြင်းလည်းဖြစ်၍ တရားမဝင်ကုန်စည်များကိုရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပါသည်။
ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့်ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့ဌာနနှင့်သက်ဆိုင်သည်များကိုစစ်ဆေးပြီး အသိပညာပေးခဲ့ကြောင်းနှင့် ရေတာရှည်မြို့ရှိ ရွှေလမင်းစိုက်ပျိုးရေးဆေးဆိုင်၊ ရတနာဌေးစိုက်ပျိုးရေးဆေးဆိုင်၊ ရွှေရည်ဝင်းစိုက်ပျိုးရေးဆေးဆိုင်၊ ဒေါ်ခင်မာသီစိုက်ပျိုးရေး ဆေးဆိုင်များကိုစစ်ဆေးခဲ့ရာသက်ဆိုင်ရာဌာနဆိုင်ရာများ၏ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားသည်ကိုတွေ့ရကြောင်း သိရပါသည်။
DOCA(ပဲခူး)