သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီ တွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပသော ရေသန့်၊ ရေခဲစက်နှင့် အအေးခန်းစက်ရုံသုံး အမိုးနီးယားဓာတ်ငွေ့များ လုပ်ငန်းခွင်သုံး ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အသုံးပြုမှုဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး ၊ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကုန်စည်(၃)မျိုးဖြစ်သည့် စားသုံးဆီအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် ထိခိုက်နစ်နာလွယ်သော စားသုံးသူအုပ်စု (ကလေးများ)အတွက် ရည်ရွယ်ထုတ်လုပ်သည့် ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးကို ဦးစားပေးရွေးချယ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သောစားသုံးဆီများကိုသုံးစွဲနိုင်ရေးနှင့် စျေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကမ္ဘာ့စားအုန်းဆီစျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း စားသုံးသူပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်စေရေးရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ဇူလိုင်လ (၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများကို ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူအသိပညာ ပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။