Main menu

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့တို့သည်   (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆီဆိုင်(၃)ဆိုင်သို့သွားရောက်၍ သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့ပေါ်စက်သုံးဆီရောင်းချလျက်ရှိသော တောင်ဇလပ်၊ ရွှေဗျိုင်းဖြူ၊ Petro Top ဆီဆိုင်များကို သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိအောင် LED Board များတွင်ဖော်ပြပေးရန်၊ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများကိုလည်းဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်ဆီ၊ ချောဆီများ တင်သွင်းရောင်းချခြင်းမပြုစေရန် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် စက်သုံးဆီပြတ်လတ် မှုမရှိစေရေး ဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)