Main menu

ရမည်းသင်းမြို့နယ်ရှိ စပျစ်စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့်တွေ့ဆုံ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးတို့သည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာသို့သွားရောက်၍ စပျစ်စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  တွေ့ဆုံဆွေးနွေးရာတွင် ရွာတန်းကျေးရွာ၌ ကျေးရွာခွဲပေါင်း (၂၄) ရွာရှိကာ စပျစ်စိုက်ဧကပေါင်း (၃၁၀၀၀) ဧကကျော်ရှိကြောင်း၊ စိုက်ပျိုးသူတောင်သူဦးရေ (၅၀၀၀) ကျော်ရှိကြောင်း၊ စပျစ်ကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး တစ်ပင်နှင့် တစ်ပင်လျှင် အကွာအဝေးခုနှစ်ပေခွဲခြား၍ စိုက်ပျိုးရကြောင်း၊ စပျစ်စတင်စိုက်ပျိုးလျှင် သိန်း (၁၀၀) ကျော်ကုန်ကျကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးသောမျိုးမှာ အာဂျီချွန်း၊ အီတလီ (၃)၊ BQ (အညို)၊ မွန်ဒေါ (အမဲ)၊ ဝိုင်စပျစ် (အမဲ/အစိမ်း)၊ BK (အမဲ)၊ ဂျပန်စိမ်းမျိုးများစိုက်ပျိုးထားရှိကြောင်း၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် မွေးကိုင်းဖြတ်ရကြောင်း၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အသီးဖြတ်ရကြောင်း၊ ဖေဖော်ဝါရီလနှင့် မေလများတွင် အများဆုံးခူးဆွတ်ရကြောင်း၊ အထွက်နှုန်းများအနေဖြင့်  အာဂျီမျိုးမှာ တစ်ဧကလျှင် ပိဿာ (၄၀၀၀) မှ ပိဿာ (၇၀၀၀) အထိထွက်ရှိကြောင်း၊ ကျန်မျိုးများမှာ ပိဿာ (၄၀၀၀) မှ ပိဿာ (၅၀၀၀) အထိထွက်ရှိကြောင်း၊ စျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၅၀၀၀) မှ ကျပ် (၁၀၀၀၀) အထိရှိကြောင်း၊ စိုက်ခင်းအရောက် လာရောက်ဝယ်ယူသောပွဲစားများရှိသည့်အပြင် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့လည်းတင်ပို့ရကြောင်း သိရှိရပါသည်။

DOCAမန္တလေး)