Main menu

စိုက်ပျိုးရေးသိပ္ပံ(ဟဲဟိုး)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်၌ စိုက်ပျိုးရေးသိပ္ပံ(ဟဲဟိုး)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံအကြောင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဟောပြောခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)  သို့လည်းကောင်း၊ Consumer Call Center No. (1535)သို့လည်းကောင်း ဆက်သွယ်တိုင်ကြားဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်း ဟောပြောဆွေးနွေးပြီးနောက် တက်ရောက်လာသူများက သိရှိမေးမြန်းလိုသည်များကိုမေးမြန်းကြရာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)