Main menu

စားအုန်းဆီရောင်းချနေမှုများကို စိစစ်ကြပ်မတ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် Zabu Kan Tun Trading Co.,Ltd ၏ စားအုန်းဆီများရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

   အဆိုပါရောင်းချရာတွင် Zabu Kan Tun Trading Co.,Ltd က ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးသောစားအုန်းဆီများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂%အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက် အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချပေးခဲ့ရာ စားအုန်းဆီ ၁ပိဿာလျှင် (၄၁၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်းစီ အမှတ် (က)၊ လွတ်လပ်ရေးလမ်းနှင့် ဘောဂလမ်းထောင့်တွင်လည်းကောင်း၊ အောင်ရတနာလမ်းနှင့် နဝရတ်လမ်းထိပ်တွင်လည်းကာင်း စားသုံးသူပြည်သူများအား ရောင်းချပေးလျက်ရှိရာ ရပ်ကွက်နေပြည်သူများအနေဖြင့် စားအုန်းဆီဈေးနှုန်းမှန်ကန်မှုရှိခြင်း၊ ဈေးနှုန်းသက်သာမှုရှိခြင်း၊ အလေးချိန်မှန်ကန်မှုရှိခြင်းတို့ကြောင့် စိတ်ချမ်းမြေ့စွာဝယ်ယူစားသုံးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)