စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် မင်္ဂလာဈေးအတွင်းရှိ ဈေးတာဝန်ခံများနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးနှင့် မင်္ဂလာဈေးအတွင်းရှိ ဆေးဝါးများလက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေသော ဆေးဝါးများအနက် Baby Cough Syrup With Antihistamine၊ Baby Cough Syrup နှင့် Cadramine – V Lotion ဆေးဝါး (၃) မျိုးတို့သည် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရယူထားခြင်းရှိ/မရှိနှင့် တရားမဝင်ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း ရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)