ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီ၊ CMP လုပ်ငန်းများမြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အမှတ် (၄၇၉)၊ ပတ္တမြားလမ်း၊ ၁၅ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Royal Moon Star (လက်အိတ်) ချုပ်လုပ်ငန်းသို့သွားရောက်၍ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် CMP မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက စက်ရုံလုပ်ငန်းများစစ်ဆေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင် ဦးစီးမှူးက စက်ရုံရှိ ဝန်ထမ်းများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ “စားသုံးသူအခွင့်အရေးဦးစားပေး” ဟူသော ဆောင်ပုဒ်အတိုင်း စားသုံးသူတိုင်းတွင် အခွင့်အရေးများရှိကြောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းလျက်ရှိကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)