Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
01 Jul 2023

နေပြည်တော် (၃၀-၆-၂၀၂၃)

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) အကောင်အထည် ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်‌တော်၌ ကျင်းပခဲ့ပါသည်။

30 Jun 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို လစဉ် စီမံချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်လျက်ရှိရာ (၂၁.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အ.လ.က(၁) ရွှေဘိုမြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ(၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၈၀)ဦး စုစုပေါင်း(၉၀)ဦးတက်ရောက်ခဲ့ပါသည်။

30 Jun 2023

    ၂၀၂၃ ၊ ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက် ရှိ (အ.ထ.က)ခွဲ ညောင်အိုင်ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

30 Jun 2023

     “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဒေသတွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေအတွက် MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ် တွေ့ဆုံဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

30 Jun 2023

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအတွင်းရေးမှူး၊ ပြည်သူ့ကျန်းမာရေးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာ ဌေးမင်းဦးဆောင်၍ တောင်ငူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကိုကို၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးကျော်လင်းထွန်းတို့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့နယ်၊ ကေတုမတီ

Pages