Main menu

တောင်ငူမြို့နယ်အတွင်း FDA ထောက်ခံချက်မရှိသည့် သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအတွင်းရေးမှူး၊ ပြည်သူ့ကျန်းမာရေးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာ ဌေးမင်းဦးဆောင်၍ တောင်ငူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကိုကို၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးကျော်လင်းထွန်းတို့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ မင်းကြီးဆွေရပ်ကွက်၊ နဝဒေးလမ်းရှိ "TRI" သောက်ရေသန့်လုပ်ငန်းသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။

    "TRI" သောက်ရေသန့်လုပ်ငန်းသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ကို‌ လျှောက်ထားဆဲဖြစ်ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ စိစစ်ဆဲကာလဖြစ်သဖြင့် ထုတ်လုပ်မှုများကို ရပ်နားထားပြီး FDA ၏ထောက်ခံချက်ရရှိသည့်အခါမှသာ ဆက်လက်ထုတ်လုပ်ရန် ညွှန်ကြားခဲ့ပါသည်။ "TRI" သောက်ရေသန့်လုပ်ငန်းအား စစ်ဆေးရာတွင် ကေတုမတီမြို့၊ အုပ်ချုပ်ရေးမှူး ဦးဝေယံထွန်းနှင့် ကေတုမတီနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

    မြို့နယ်တာဝန်ခံ ဦးမြင့်သူပါဝင်သောအဖွဲ့သည် မွန်းလွဲပိုင်းတွင် တောင်ငူမြို့နယ်၊ ဆိပ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာရှိ ဝိုင်ဝိုင်းသောက်ရေသန့်စက်ရုံသို့ ရောက်ရှိစစ်ဆေးရာ ၎င်းသောက်ရေသန့်စက်ရုံသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ကိုရယူထားခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်နေကြောင်းတွေ့ရှိရသဖြင့် အမျိုးသားအစားအသောက်ဥပဒေအရ ဆက်လက်ထုတ်လုပ်ခြင်းမပြုရန် တားမြစ်ခဲ့ပါသည်။ “ဝိုင်ဝိုင်း” သောက်ရေသန့်လုပ်ငန်းအား စစ်ဆေးရာတွင် တောင်ငူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးသန္တာထွန်းနှင့် ဆိပ်ဖူးတောင်ကျေးရွာအုပ်စုရှိ လေးမိုင်ရဲကင်းမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)