သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၂.၆.၂၀၂၃) ရက်နေ့၊နံနက် (၀၉:၃၀)မှ (၁၁:၃၀)အထိ ရွှေဟင်္သာ အ.ထ.က(ခွဲ)ကျောင်းတွင် အသိပညာ ပေးဟောပြောပွဲအား မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့ နယ်ဦးစီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ဇွန်လ (၂၂.၆.၂၀၂၃)ရက်နေ့ ၊နေ့လယ် (၁၂:၀၀)အချိန် ထောက်ရှာကုန်းကျေးရွာတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟော ဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ယနေ့ (၂၃.၆.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက တိုးရွှေဝါခန်းမဘေး ကျောက်တိုင်းကွင်းအရှေ့တွင် ရောင်းချပေးခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ (၁၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဥဒေါင်းရပ်ကွက်၌ ပြည်သူ (၂၉) ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၂၂-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် သံတွဲမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဒွါရာဝတီ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။