Main menu

မိုးညိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ (၁၉-၆-၂၀၂၃) ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဥဒေါင်းရပ်ကွက်၌ ပြည်သူ (၂၉) ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     ဘေးအန္တရာယ်ကင်းသည့်စားသုံးကုန်များကို ဝယ်ယူစားသုံးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ ဒု-ဦးစီးမှူး ဦးဇော်ထွန်းက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းအရာများ၊ ဓာတုဆိုးဆေးနှင့် တာရှည်ခံဆေးအန္တရာယ်များကို အကျယ်တဝင့်ဆွေးနွေးပြီးနောက် သန့်ရှင်းလတ်ဆတ်သောအစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)