Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Jul 2023

         စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ မြို့နယ်အထွေအထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ်(ဒု-ဦးစီးမှူး)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်းအင်ဂျင်နီယာ-၄) တို့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

18 Jul 2023

  မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ ကုန်စုံဆိုင်များတွင် အစားအသောက်ဘေးကင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

18 Jul 2023

   ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်   ဇူလိုင်လ (၁၁) ရက်နေ့၊နေ့လယ်(၁၃:၃၀)အချိန်တွင် ကျောက်ဖြူမြို့ သဗ္ဗာန်ချောင်းကမ်းနားလမ်းရှိ ကြံတိုင်းအောင်ရောင်းဝယ်ရေးကုမ္ပဏီ၏ လက်လီ/လက်ကား ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များကို  ရှင်းလင်း ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။  

18 Jul 2023

    မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုဖြစ်ပြီး ကုန်းတန်း၊ သဲဆန်သောမြေပြန့်လွင်ပြင်များ၊ ညီညာမှုမရှိသောလွင်ပြင်များ၊ ကျောက်ကုန်း၊ ကျောက်ကမူများ၊ ညီညာပြန့်ဖြူးမှုမရှိသော ကုန်းမြင့်ချိုင့်ဝှမ်းများပေါများသည့်အတွက် စပါးစိုက်ပျိုးမှုနည်းပါးသောဒေသတစ်ခုဖြစ်ပါသည်။

18 Jul 2023

  ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြေပုံမြို့နယ်တာဝန်ခံ ဦးစံညွှန့်(ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (၁၂-၇-၂၀၂၃) ရက်နေ့၊ မွန်းတည့် (၁၂:၀၀) နာရီအချိန်တွင် မြေပုံမြို့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဖွင့်လှစ်ပို့ချနေသော “ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသင်တန်း” သို့ တက်ရောက်နေကြသော ကျေးရွာ (၇) ရွာ မှ ကော်မတီဝင် စုစုပေါင်း (၄၉) ဦးနှင့် ၎င်းဌာနမှ ဝန်ထမ်း (၅)တို့အပါအဝင် စုစုပေါင်း (၅၄) ဦးကို  စားသုံးသူကာကွယ်ရေးအသိပညာပေးခဲ့ပ

Pages