သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် စိုက်ပျိုးရေးသုံးပစ္စည်းများရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
(၆-၆-၂၀၂၃) ရက်နေ့နှင့် (၇-၆-၂၀၂၃) ရက်နေ့တို့တွင် နံနက် (၁၀:၀၀) နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၂) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)နှင့်အဖွဲ့သည် (၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သရက်မြို့နယ်၊ ထုံးတောင်အုပ်စု၊ မြင်ဘာကျေးရွာရှိ ကြက်သွန်နီ၊ နှမ်း၊ ပဲမျိုးစုံသီးနှံတို့အား စိုက်ပျိုးသည့်တောင်သူများနှင့်သွားရောက်တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုအခြေအနေများအား ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၄-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့နယ်၊ ကျွဲထိကျေးရွာ၌ ဝါစိုက်ပျိုးလုပ်ကိုင်နေသော ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဝါစိုက်ပျိုးလုပ်ကိုင်နေမှုအခြေအနေများကို ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ချောက်မြို့မစျေးရှိ အလှကုန်ပစ္စည်းရောင်းချသောဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသည့်အလှကုန်ပစ္စည်းများကို တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိနှင့် ဌာန၏ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။