(၆-၆-၂၀၂၃) ရက်နေ့နှင့် (၇-၆-၂၀၂၃) ရက်နေ့တို့တွင် နံနက် (၁၀:၀၀) နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၂) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မပါရှိသည့် တရားမဝင်ဆေးဝါများရောင်းချနေမှုရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချနေမှုရှိ/မရှိတို့ကိုစစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)