မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ချောက်မြို့မစျေးရှိ အလှကုန်ပစ္စည်းရောင်းချသောဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသည့်အလှကုန်ပစ္စည်းများကို တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိနှင့် ဌာန၏ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေသော အလှကုန်ပစ္စည်းဆိုင်များတွင် ကုန်အမှတ်တံဆိပ်များ၊ အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင်ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/မရှိတို့ကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
DOCA(မကွေး)