စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)နှင့်အဖွဲ့သည် (၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သရက်မြို့နယ်၊ ထုံးတောင်အုပ်စု၊ မြင်ဘာကျေးရွာရှိ ကြက်သွန်နီ၊ နှမ်း၊ ပဲမျိုးစုံသီးနှံတို့အား စိုက်ပျိုးသည့်တောင်သူများနှင့်သွားရောက်တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုအခြေအနေများအား ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။
မြင်ဘာကျေးရွာရှိ တောင်သူများအနေဖြင့် ကြက်သွန်နီ၊ နှမ်းနှင့် ပဲမျိုးစုံသီးနှံများကို နှစ်စဉ် စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးမှုကုန်ကျစရိတ်မှာ ကြက်သွန်နီ(၁)ဧကလျှင် ကျပ် (၉၅၀၀၀၀) မှ ကျပ် (၁၀၀၀၀၀၀) ထိကုန်ကျပြီး အထွက်နှုန်းမှာ (၂၃၀၀- ၂၄၅၀) ပိဿာထွက်ရှိပါကြောင်း၊ ဒေသပေါက်ဈေးမှာ (၁)ပိဿာလျှင် ကျပ် (၁၆၅၀) မှ ကျပ် (၁၈၀၀) ထိရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၂၈၄၅၀၀၀) မှ ကျပ် (၃၄၁၀၀၀၀) ခန့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပဲတီစိမ်း(၁)ဧကလျှင် ကျပ် (၂၅၀၀၀၀) မှ ကျပ် (၂၆၀၀၀၀) ကုန်ကျပြီး အထွက်နှုန်းမှာ (၄-၅) တင်းထွက်ရှိပါကြောင်း၊ ဒေသပေါက်ဈေးမှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၅၅၀၀၀) မှ ကျပ် (၅၇၀၀၀) ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၃၀၀၀၀) မှ ကျပ် (၂၅၀၀၀) ထိရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပဲစင်းငုံ(၁)ဧကလျှင် ကျပ် (၁၀၀၀၀၀) မှ ကျပ် (၁၂၀၀၀၀) ထိကုန်ကျပြီး အထွက်နှုန်းမှာ (၅-၆) တင်းထွက်ရှိပါကြောင်း၊ ဒေသပေါက်ဈေးမှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၅၈၀၀၀)မှ ကျပ် (၆၁၀၀၀) ထိရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၁၉၀၀၀၀) မှ ကျပ် (၂၄၆၀၀၀) ခန့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကုလားပဲ(၁)ဧကလျှင် ကျပ် (၁၈၅၀၀၀) မှ ကျပ် (၂၀၀၀၀၀) ထိကုန်ကျပြီး အထွက်နှုန်းမှာ (၇-၈) တင်းထွက်ရှိပါကြောင်း၊ ဒေသပေါက်ဈေးမှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၅၈၀၀၀) မှ ကျပ် (၅၉၀၀၀) ထိရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၂၂၁၀၀၀) မှ ကျပ် (၂၇၂၀၀၀) ခန့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နှမ်းသီးနှံ(၁)ဧကလျှင် ကျပ် (၂၅၀၀၀၀) မှ ကျပ် (၂၈၀၀၀၀) ကုန်ကျပြီး အထွက်နှုန်းမှာ (၄-၅) တင်းထွက်ရှိပါကြောင်း၊ ဒေသပေါက်ဈေးမှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၇၅၀၀၀) မှ ကျပ် (၇၆၀၀၀) ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၅၀၀၀၀) မှ ကျပ် (၁၀၀၀၀၀) ခန့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကြက်သွန်နီ၊ နှမ်းနှင့် ပဲမျိုးစုံသီးနှံတို့၏ သီးနှံအထွက်နှုန်းများမှာ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းတိုး၍ အမြတ်အစွန်းများပိုမိုရရှိလာနိုင် မည်ဖြစ်ပါကြောင်း ကြက်သွန်နီ၊ နှမ်း၊ ပဲမျိုးစုံသီးနှံတို့အား စိုက်ပျိုးသည့်တောင်သူများထံမှ သိရှိရပါသည်။
DOCA(မကွေး)