သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၄-၅-၂၀၂၃ရက် (ဗုဒ္ဓဟူးနေ့) ၊ နေ့လယ် ၁၅:၀၀နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ သင်တန်းသား၊ သင်တန်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်း (ရုံးအုပ်)နှင့်ဦးတင်မောင်ထွန်း(ရုံးအုပ်)တို့သည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၂.၅.၂၀၂၃ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ဝူရမ်ကျေးရွာရှိ လက်လီလက်ကားရောင်းချနေသော ကုန်စုံဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဒလမြို့နယ်တာဝန်ခံ ဦးသန်းနိုင်သည် (၁၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒလမြို့နယ်၊ ထော်အောက်ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်၌ ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ မေလ(၁၈)ရက်နေ့၊ နံနက်( ၀၉:၃၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများ စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ “စားသုံးသူ ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် Thursday Talk အသိ ပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း(၁၄)ဦးတက်ရောက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှုးရုံးမှ ဝန်ထမ်းများ၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃.၅.၂၀၂၃)ရက်နေ့၊ နံနက်(၉:၃၀)တွင် ပြည်မြို့နယ်ဒေသကွပ်ကဲရေး စစ်ဌာနချုပ်ရှိ အားကစားကွင်းအတွင်းတွင် ကျင်းပ ပြုလုပ်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထိုဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ လျှပ်စစ်ဝန်ကြီးဌာန၊ ပညာ