သတင်းနှင့် လှုပ်ရှားမှုများ
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၅.၅.၂၀၂၃) ရက်နေ့၊ နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အချိုရည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
တရားမဝင်ကုန်သွယ်မှုပြုခြင်းသည် နိုင်ငံတော်ကရသင့်ရထိုက်သည့်အခွန်ငွေကို ဆုံးရှုံးစေသကဲ့သို့ စားသုံးသူပြည်သူများအတွက်လည်း နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသဖြင့် တောင်ငူခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှုများမရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန သည် တောင်ငူခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူးဦးဇော်ဇော်ထွေးသည် (၁၂.၅.၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းက ရေတာရှည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များ အား စားသုံးသူကာက
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၁၈.၅.၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ရေတာရှည်မြို့ရှိ ဝက်မွေးမြူရေးလုပ်ငန်းများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး ဌာနဆိုင်ရာများအလိုက် လုပ်ငန်းရှင်များ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးမှူးရုံးမှ ဒု-ခရိုင် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၅.၅.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ မျက်ကပ်မှန်နှင့် မျက်စဉ်းဆေးရည်၊ မျက်စိဆေးအမျိုးမျိုးရောင်းချလျက်ရှိသော အရောင်းဆိုင်(၅)ဆိုင်သို့ သွားရောက်၍ ကောင်းမွန်သော ဆေးဝါးများ