သတင်းနှင့် လှုပ်ရှားမှုများ
နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်းတည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၁၈.၅.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီတွင် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
(၁၆.၅.၂၀၂၃) ရက်နေ့ ၊ နေ့လယ် (၁၃ : ၀၀ ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့နယ် ၊ ပြန်ကြားရေးနှင့် လူထုအခြေပြု ဗဟိုခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည် ။
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ ကုန်စည်အမျိုးအစားပေါ်မူတည်၍ အဓိကပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ခရိုင်၊ စားသုံး /ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို နှင့် ဝန်ထမ်းများသည် ၁၇.၅.၂၀၂၃ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၁၈.၅.၂၀၂၃ ရက်နေ့တွင် ကြို့ပင်ကောက်မြို့မဈေးအတွင်းရှိ တိုင်းရင်းဆေးဆိုင်များသို့ လည်းကောင်း၊ ဈေးချိုမြောက်ဖက်ရပ်ကွက်၊ အရှေ့လမ်းမတော်လမ်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့လည်းကောင်း သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် “ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အထောက် အကူပြု “အခမ်းအနားမှူး” သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့်ပူးပေါင်း၍ (၁၆.၅.၂၀၂၃)ရက်နေ့မှ (၁၇.၅.၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်း သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ