သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တွဲဘက်တာဝန်ထမ်းဆောင်နေသော ဂန့်ဂေါခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ၊ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၁၈.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက်အတွင်းနှင့်အမှတ်(၉)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များတွင် ရော
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးပါ ဝန်ထမ်းများသည် ၁၉-၅-၂၀၂၃ ရက်နေ့၊ (၁၆း၀၀)နာရီအချိန်တွင် ဘားအံမြို့နယ်၊ ထုံးအိုင်စံပြ ကျေးရွာနေတောင်သူများသို့ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအကြောင်း သိကောင်းစရာများကို တောင်သူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၈.၅.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးမှ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန််းရှင်များအား ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်နှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့တို့ ဦးဆောင်၍ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မေလ(၁၈) ရက်၊ ကြာသပတေးနေ့၊ နေ့လယ်(၁)နာရီခွဲအချိန်တွင် မုံရွာမြို့ရှိ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၌ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ(၅၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေရေးတ