သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်၌ စိုက်ပျိုးရေးသိပ္ပံ(ဟဲဟိုး)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဝန်ထမ်းများသည် ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာရှိ ကြက်မွေးမြူရေးဇုန်သို့သွားရောက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
သီပေါမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထွန်းက သီပေါမြို့၊ နမ့်ရမ်းကျေးရွာအုပ်စု၊ နောင်ကော်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နောင်ကော်ကြီးကျေးရွာရှိ နာနတ်သီးအသင်းအဖွဲ့မှ ဒေသခံအသင်းသား (၄၀) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေးလိုင်စင်အသစ်အနေဖြင့် ဆောင်ရွက်မည့် စံဖိတ်ကျွဲ၊ နွားပွဲဈေးကောက်လိုင်စင်နှင့် နမ့်အွန်ကျွဲ၊ နွားပွဲဈေးကောက်လိုင်စင်(၂)ခုတို့အား ဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချခြင်းကို (၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့တော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးပါဝန်ထမ်းများသည် ၁၀-၇-၂၀၂၃ ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့ အမှတ် ၅ ရပ်ကွက်၊ အောင်နန်းရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသူကျောင်းသားများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။