သတင်းနှင့် လှုပ်ရှားမှုများ
စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီအရာရှိဦးမျိုးလွင်နှင့် မုဒုံမြို့နယ် တာဝန်ခံဦးစည်သူသည် (၁၇.၅.၂၀၂၃)ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်ရှိ စိန်လူထုမေတ္တာဆန်စက်သို့သွားရောက်၍ ဆန်စက်ပိုင်ရှင်ဦးမြင့်သိန်းအား တွေ့ဆုံဆွေးနွေးခဲ့သည်။
(၁၉.၅.၂၀၂၃)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မုဒုံမြို့နယ်တာဝန်ခံနှင့်အတူ မုဒုံမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၌ (၁၈.၅.၂၀၂၃) ရက်နေ့ ၊နံနက် (၁၁:၀၀) အချိန်တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင်မြို့အတွင်းရှိ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ လှိုင်ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၌ (၁၈.၅.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင်မြို့အတွင်းရှိ မြေနီကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ မြေနီကုန်းရပ်ကွက်ရှိနေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။