Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 May 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ပါ ဝန်ထမ်းများသည် ၁၈-၅-၂၀၂၃ ရက်နေ့ ၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

22 May 2023

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဆေးနှင့်ဆေးအမျိုးမျိုး ရောင်းချနေသည့်ဆေးဆိုင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်

22 May 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးတို့အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်ရာတွင်  စားသုံးသူများ၏ အသိပညာနှင့်စွမ်းဆောင်နိုင်မှု အဆင့်အတန်းကို လေ့လာအကဲဖြတ်တိုင်းတာနိုင်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာမူဝါဒများနှင့် မဟာဗျူဟာများကို ချမှတ်ရာတွင် အသိပညာပေးလုပ်ငန်းများ ပိုမိုထိရော

22 May 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မေလတွင် မိတ္ထီလာခရိုင်အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၂၇)ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော မျက်စိ အား‌ဆေး (ဖြည့်စွက်စာ) LUTEIN ESTER BLUEBERRY SALT  ALGE ဆေးဝါးအား စျေးကွက်အတွင်း ဖြန့်ဖြူး‌ရောင်းချခြင်း ရှိ/မရှိ  စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

22 May 2023

    ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ၁၉-၅-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် စီးပွားရေးရာဝန်ကြီး၊ ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ဦးစောခင် မောင်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။

Pages