သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၂.၅.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် မော်ကျွန်းမြို့နယ် ဆေးဆိုင်(၁၀)ဆိုင်အား တရားမဝင်တင်သွင်းလာသော ဆေးများရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ မြို့မဈေး၌ ၂၀၂၃ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအခမ်းအနားတွင် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ မေလ(၁၈)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများ စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ “စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းဝန်ထမ်း(၁၄)ဦး တက်ရောက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ မေလ (၁၆) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီ လုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၈)ဆိုင်အား စက်သုံးဆီ အခြင်အတွယ်ပြည့်ဝမှု ရှိ/မရှိ အခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေမှု ရှိ/မရှိအခြေအနေနှင့် စက်သုံးဆီ လက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးစီးဌာနတို့မှ ဝန်ထမ်းများ နှင့်ပူးပေါင်း၍ (၁၅.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်၊ မြစန္ဒာဓာတ်မြေဩဆိုင်(၂)နှင့် ဦးဝါရဓာတ်မြေဩဆိုင်တို့အား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာအတုများကို ဈေးကွက