Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 May 2023

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်လာသော ကုန်စည်နှင့်ဝန်ဆောင်မှုများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင် ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ပြည်မြို့နယ်တာဝန်ခံသည် (၁၀.၅.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ပြည်မြို့ရွာဘဲရပ်ကွက်၊ စက်မှုဇုံ(၂) နယ်မြေ၊ မောင်ပေါက်ကျိုင်းလမ်းရှိ ဆန်စက်လုပ်ငန်းရှင် ဦးခင်ကြိုင်၏ စည်ဖြိုးဆန်စက်သို့သွားရောက်၍

19 May 2023

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းပန်းအိမ်တို့သည် ၈.၅.၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် ၄ ဦးနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များကို ရှင်းလင်းပြောကြားပါသည်။

19 May 2023

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂-၅-၂၀၂၃)ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင်  မိဘပြည်သူ (၄၂) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

19 May 2023

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများသည် (၁၀.၅.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ ရန်ကုန်-မန္တလေးလမ်း၊ အမှတ်(၁၁၅)ရှိ DS သောက်ရေသန့်စက်ရုံသို့ ရောက်ရှိပြီး လုပ်ငန်းရှင် ဦးဂရမ်းကျမ်းနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် ပြဌာန်းချက်များကို‌ဆွေးနွေးခဲ့ပါသည်။

19 May 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့တို့သည် (၁၃-၅-၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆီဆိုင် (၃)ဆိုင်ကို သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရ

Pages