သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့သည် စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ ၁၂.၅.၂၀၂၃ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်း များ ဖြစ်ပေါ်စေရေး
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်း ဦးဆောင်၍ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး၊ မိတ်ဖက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးတို့နှင့်ပူးပေါင်းကာ (၁၁.၅.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသောဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကသာ(ကောလင်း)ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဌာနမှဝန်ထမ်းများသည် ဆိုရှယ်မီဒီယာ (Facebook) အသုံးပြု၍ မျက်စိအားဆေး (ဖြည့်စွက်စာ)အဖြစ် LUTEIN ESTER BLUEBERRY SALT ALGA ဆေး၊ LB အမှတ်တံဆိပ်ပါ Lutein Billberry Plusဆေးနှင့် အရောင်ခွဲခြားနိုင်မှုမရှိသူများ (Colour Blind)အတွက် ကုန်အညွှန်းအမှတ် အသားမပါရှိသည့် မျက်ကပ်မှန်များနှင့် အရည်အသွေးနိမ့်မျက်မှန်များအပါအဝင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပေးသည့် ထောက
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲအနေဖြင့် Consumer Call Center ဝန်ဆောင်မှုပေးခြင်းဆိုင်ရာနည်းလမ်းများ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား Atom Myanmar Limited ၏ ကူညီမှုဖြင့် ၁၇-၅-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ဖွင့်လ