Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 May 2023

     စီးပွားရေးနှင့်ကူးသန်းရော်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင် ဝန်ထမ်းများသည် ၁၅.၅.၂၀၂၃ ရက်နေ့၊ ၁၃း၀၀ နာရီ အချိန်တွင် ဗန်းမော်မြို့၊ (၃)မိုင် ကွက်သစ်၊ မြို့ရှောင်လမ်းရှိ အသစ်တည်ဆောက်လျက်ရှိသော စိန်သရဖူ ဆန်၊ စပါးအခြောက်ခံစက် စက်ရုံသို့ သွားရောက်၍ စက်ရုံတည်‌ဆောက်တပ်ဆင်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

18 May 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းနှင့် ဦးတင်မောင်ထွန်းတို့သည် (၁၂.၅.၂၀၂၃) ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ဒေါ်တင်တင်ကုန်စုံဆိုင်နှင့် ဦးခင်မောင်ကြည် ကုန်စုံဆိုင်(၂)ဆိုင်အား ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

18 May 2023

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်မိတ်ဖက်ဌာန များဖြစ်သော မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ မေလ၁၁ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမဂႅလာဈေးအတွင်းရှိ စားသောက်ကုန်၊ လူသုံးကုန်၊ ပစ္စည်းအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်မျ

17 May 2023

     (၁၁-၅-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ဈေးကော်မတီတို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးရှိ ဆေးဆိုင် (၁၄) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

17 May 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ ခုနှစ် ၊ မေလ(၁၂)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကျွန်းလှမြို့” Mo “သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages